Thursday, October 18, 2012

လင်းလက်အဖွဲ.သို.ထိန်းလင်းကုသိုလ်ဖြစ်ဆေးခန်းမှဖိတ်ခေါ် ခြင်း

ဖဲကြိုးဖြတ်ဖွင်.လှစ်ပေးနေသောကိုမင်းကိုနိုင်
အောက်တိုဘာလ၊(၁၈)ရက် နံနက်(၉း၀၀)နာရီက ရန်ကုန်မြို့၊ ယုဇနဥယျာဉ်မြို့တော်၊(၉၄)ရပ်ကွက်၌ ထိန်လင်းကုသိုလ်ဖြစ်ဆေးခန်းဆိုင်းဘုတ်တင်ပွဲနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ မင်းကိုနိုင်၏ မွေးနေ့အမှတ်တရ ကွန်ပြူတာသင်တန်းဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။လင်းလက်အဖွဲ.သို.ကျောင်းသားခေါင်းဆောင်များနဲ.ဒေသတာဝန်ခံ
တို.ကဖိတ်ခေါ်ခဲ.ပါသည်။လင်းလက်အဖွဲ.မှမလင်းလက်နဲ.ECအဖွဲ.ဝင်အပါအဝင်စုစုပေါင်း(၁၀)ယောက်တက်ရောက်ခဲ.ပါသည်။
နံနက်(၉း၀၀)နာရီတွင် မွေးနေ့ရှင်မင်းကိုနိုင်နှင့်မိခင်ကြီး၊ သရုပ်ဆောင်ပြေတီဦးနှင့် (၉၄)ရပ်ကွက်တာဝန်ရှိသူတို့အပါအဝင်လင်းလက်အဖွဲ.သားတို.ကထိန်းလင်းကုသိုလ်ဖြစ်ဆေးခန်းဆိုင်းဘုတ်နှင့်မင်းကိုနိုင်မွေးနေ့အမှတ်တရ ကွန်ပြူတာသင်တန်းတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၄င်းနောက်အခမ်းအနားကိုဆက်လက်ကျင်းပရာ မင်းကိုနိုင်၊ နာရေးကူညီမှုအသင်းမှဒေါ်သန်းမြင့်အောင်နှင့်ထိန်းလင်းကုသိုလ်ဖြစ်ဆေးခန်းတာဝန်ရှိသူတို့ကအမှတ်တရစကားများအသီးသီးပြောကြားခဲ့ကြပြီး အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ကြသည်။ထိုက်နောက်သရုပ်ဆောင်ကိုပြေတီဦးနှင်.အတူလင်းလက်အဖွဲ.ဝင်များမှအမှတ်တရဓာတ်ပုံ
ရိုက်ကူးခဲ.ကြပါသည်။ ဆက်လက်၍ အခမ်းအနားတွင် မင်းကိုနိုင်အပါအ၀င်ကဗျာဆရာတို့
က ကဗျာများကိုအမှတ်တရရွတ်ဆိုကြပြီး၈၈မျိုးဆက်ကျောင်းသားများနှင့်B-Gသွေးအကူအညီပေးရေးအဖွဲ့တို့ကတေးသီချင်းများဖြင့်ဖျော်ဖြေခဲ့ကြကာ မင်းကိုနိုင်က တက်ရောက်လာသူများအား၎င်း၏မွေးနေ့ကိတ် ကိုဝေမျှကြွေးရင်း အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

By 88Generation Students